Macallan 12yr Triple Cask 70cl
The Macallan 12 Years Old Triple Cask Matured ဆိုတာ Speyside Single Malt Scotch Whisky လောကမှာ အပေါ့ပါးဆုံးနဲ့ သောက်လို့အကောင်းဆုံး Premium ဝီစကီစာရင်းဝင် တစ်ခုဖြစ်ပါတယ်ဗျာ။
အရင်က ထွက်ခဲ့တဲ့ Fine Oak စီးရီးနေရာမှာ အစားထိုးပြီး ပုံစံသစ်နဲ့ ထွက်လာခဲ့တာ ဖြစ်ပါတယ်။
ဘာကြောင့် "Triple Cask" လို့ ခေါ်တာလဲ?
သူ့ကို မတူညီတဲ့ သစ်သားစည်ပိုင်း (Casks) ၃ မျိုး ထဲမှာ အနည်းဆုံး အသက် ၁၂ နှစ်အထိ ရင့်မှည့်အောင် ထားခဲ့လို့ "Triple Cask" လို့ ခေါ်တာပါ။ စည်ပိုင်း ၃ မျိုးကနေ ရလာတဲ့ အရသာတွေကို Blend (ပေါင်းစပ်) လုပ်ထားတာ ဖြစ်ပါတယ်။
- European Sherry Seasoned Oak Casks: သစ်သီးခြောက်အရသာ၊ စပ်ပြစ်ပြစ်နဲ့ rich ဖြစ်တဲ့ အရသာကို ပေးပါတယ်။
- American Sherry Seasoned Oak Casks: Citrus (ရှောက်သီး/လိမ္မော်နံ့)၊ နူးညံ့တဲ့ ဝါနီလာ (Vanilla) နဲ့ အုန်းသီးနံ့သင်းသင်းလေး ပေးပါတယ်။
- American Bourbon Oak Casks: ဝါနီလာရဲ့ ချိုမြိန်မှုနဲ့ ပေါ့ပါး လတ်ဆတ်တဲ့ ပန်းရနံ့ (Floral) ကို ပေးပါတယ်။